|
|
|
|
|
၁. |
ဘွဲ့တော် |
- |
ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ
(အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) |
|
၂. |
ကျောင်းတိုက် |
- |
သဒ္ဓမ္မရံသီရိပ်သာ၊
အမှတ် (၇)၊ ဇေယျာခေမာလမ်း၊ (၆)
ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊
ရန်ကုန်တိုင်း။ |
|
၃. |
အသက်၊ သိက္ခာ၊ ဂိုဏ်း |
- |
သက်တော် (၈၀)၊ သိက္ခာတော် (၆၁)
ဝါ၊ ရွှေကျင်ဂိုဏ်း။ |
|
၎. |
မွေးသက္ကရာဇ် |
|
(၁၂၈၃) ခုနှစ်၊ နယုန်လဆန်း
(၁) ရက်၊ တနင်္လာနေ့။ |
|
၅. |
ဇာတိရပ်ရွာနှင့် ခမည်းတော်
မယ်တော်တို့၏အမည် |
- |
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊
ဝင်းကဒတ်ရွာ၊
ဦးသာဖြိုး+ဒေါ်ပုတို။ |
|
၆. |
ရှင်သာမဏေပြုခြင်း |
- |
(၁၂၉၃) ခုနှစ်၊ ၀ါဆိုလဆန်း
(၁၂) ရက်နေ့တွင် ရန်ကုန်မြို့၊
ကျောင်းတော်ရာကျောင်းတိုက်
နမူနာစံကျောင်းဆရာတော်
ဘဒ္ဒန္တခေမာကို ဥပဇ္ဈာယ်ပြ၍
ရှင်သာမဏေအဖြစ်သို့ရောက်သည်။ |
|
၇. |
ရဟန်းပြုခြင်း |
- |
(၁၃၀၂) ခုနှစ်၊ တပွဲတွဲလဆန်း
(၁၂) ရက်နေ့တွင် ဖိုးစမ္ပါရွာ၊
ကန်ကြီးကျောင်းဆရာတော်
ဘန္ဒန္တဓမ္မပိယကို ဥပဇ္ဈာယ်ပြု၍
ရဟန်းအဖြစ်သို့ရောက်သည်။
|
|
၈. |
စာပေသင်ယူခြင်း |
- |
ညောင်လေးပင်တောရကျောင်းတိုက်၊
ရန်ကုန်မြို့ကျောက်ကုန်း
မေဒိနီကျောင်းတိုက်၊
ညောင်တုန်းမြို့
ရွှေဟင်္သာတောရကျောင်းတိုက်တို့၌
ပရိယတ္တိစာပေများကို
သင်ယူခဲ့ပါသည်။ |
|
၉. |
အောင်မြင်ခဲ့သော စာမေးပွဲများ |
- |
သာသနဓဇသိရီပ၀ရ ဓမ္မစရိယ၊
စေတိယင်္ဂဏဓမ္မစရိယတို့ကို
အောင်မြင်ခဲ့ပါသည်။ |
|
၁၀. |
ခံယူခဲ့သော
ဘွဲ့တံဆိပ်တော်များ |
- |
မြန်မာနိုင်ငံတော်
အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီမှ
ဆက်ကပ်သော
မဟာကမ္မဋ္ဌာနာစရိယနှင့်
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
ဘွဲ့တံဆိပ်တော်များ
ခံယူရရှိခဲ့ပါသည်။ |
|
၁၁. |
စာပေပို့ချခြင်း |
- |
ရန်ကုန်မြို့ ကျောက်ကုန်းတောရ
မေဒိနီကျောင်းတိုက်၌
တပည့်များအား
ပိဋကတ်ကျမ်းစာများကို
သင်ကြားပို့ချပေးခဲ့ပါသည်။
မရမ်းကုန်းမြို့နယ်၊
သဒ္ဓမ္မရံသီရိပ်သာ၌
တပည့်များအား
ပိပဿနာရှုမှတ်ပုံ၊ နည်းနိဿယည်းများကို ပို့ချသင်ကြား
ပြသခဲ့ပါသည်။ |
|
၁၂. |
သာသနာရေးတာဝန်
ဆောင်ရွက်ချက်များ |
- |
ပြည်ပသာသနာအတွက်
ဆောင်ရွက်ခဲ့သည်မှာ (၁၉၉၄)
ခုနှစ်မှစ၍ (၂၀၀၂) ခုနှစ်အထိ
အနောက်တိုင်းနိုင်ငံ၊
အရှေ့တိုင်းနိုင်ငံများ၌
တရားဟော၊ တရားပြ
ဆောင်ရွက်ခဲ့ပါသည်။ (၁၃၄၀)
ပြည့်နှစ်မှစ၍ မဟာစည်ရိပ်သာ
နာယက ကမ္မဋ္ဌာနာစရိယအဖြစ်
ဆောင်ရွက်ခဲ့ခြင်း၊
သဒ္ဓမ္မရံသီရိပ်သာ၌ ၀ိပဿနာတရား
ဟောကြားပြသခြင်းစသော
သာသနာ့တာဝန်များကို
ဆောင်ရွက်ခဲ့ပါသည်။ |
|
၁၃. |
ရေးသားပြုစုသောကျမ်းဂန်များ |
- |
ဒုက္ခကင်းဝေး ပေါင်းသင်းရေး၊
မင်းဆင်ပမာ ကျင့်ဖွယ်ရာ၊
ယခုဘ၀ ကောင်းမြတ်လှ၊
ဒုလ္လဘသိဖွယ် ၀ိနည်းငယ်၊
သိကောင်းစရာ ဓမ္မပဒေသာ
(ပထမတွဲမှစ၍ ဧကာဒသမတွဲ)
ဣနြေ္ဒစွမ်းအင် ထက်မြက်ကြောင်း
(၉)ပါး တရားတော်၊ ပဋ္ဌာန်းနှင့်
ဝိပဿနာစသော
ကျမ်းစာအုပ်ငယ်များကို
ရေးသားခဲ့ပါသည်။ |
|
၁၄. |
ရဟန်းရှင်၊ လူတို့၏
ကြည်ညိုလေးစားမှု |
- |
ကမ္မဋ္ဌာန နယဒေသကဂုဏ်၊
ဝိပဿနာဓုရာဝဟဂုဏ်၊ သီလ သမာဓိ
ပညာဂုဏ်၊ နာယကဂုဏ် စသည်တို့နှင့်
ပြည့်စုံသောကြောင့်
ရဟန်းရှင်လူ အများပြည်သူတို့၏
ကြည်ညိုလေးစားမှုကို
ခံယူရရှိတော်မူပါသည်။ |
| |
|
|
|